မင်းလှ ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေတတ်ပြီး မြစ်လက်တက်ဖြစ်သည့် မြစ်မခမြစ်အတွင်းသို့ မြစ်ရေဝင်ရောက်မှုကြောင့် ရေးကြီးရေလျံမှုများဖြစ်ပေါ်၍ ယနေ့နံနက်ပိုင်းမှစတင်ကာ စာသင်ကျောင်း(၁၀)ကျောင်း ခေတ္တယာယီ ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများအတွင်း ရေဝင်ရောက်ခြင်း၊ ဆရာ ဆရာမများ၊ ကျောင်းသား/ သူများ သွားလာရာတွင် အခက်အခဲရှိခြင်း၊ အန္တရာယ်ရှိခြင်းတို့ကြောင့် ထန်းပင်ကုန်းအုပ်စုရှိ အ.ထ.က(ခွဲ) ထန်းပင်ကုန်း၊ အ.မ.က(လွန်) ချောင်းနက်၊ အ.မ.က နတ္ထမင်း၊ ဒီလှိုင်းအုပ်စုရှိ အ.လ.က ဒီလှိုင်းသရက်တော၊ အ.လ.က(ခွဲ) ညောင်ပင်သာ(န)၊ အ.မ.က(လွန်) ဒီလှိုင်း၊ (အ.မ.က) ပေါက်ချောင်း၊ ရွှေလောင်းအုပ်စုရှိ (အ.ထ.က) ရွှေလောင်း၊ ရှားတောကွင်းအုပ်စုရှိ အ.ထ.က(ခွဲ)တူးမြောင်း၊ သဲကောအုပ်စုရှိ (အ.မ.က)တောင်ပို့ကြီး စုစုပေါင်း(၁၀)ကျောင်းအား ခေတ္တယာယီပိတ်ထားကြောင်း ၊ ယာယီပိတ်ထားသော ကျောင်းများအား တနင်္ဂနွေနေ့များတွင် အစားထိုးပြန်လည်သင်ကြားရေးအတွက် စီမံဆောင်ရွက်ထားကြောင်း သိရသည်။
ပေါက်စ(ပြန်/ဆက်)