သတင်းများ

ပုသိမ်မြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းရှင်းလင်းခြင်းနှင့် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းရှင်းလင်းခြင်းနှင့် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ထုတ်ပေး
Jul 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇူလိုင်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် (၆)နာရီအချိန်က ဘဏ်ဝန်ထမ်းများမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာထုတ်ယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ကာ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင်၌ ဒေသတွင်းသီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပို့ချ
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ စိုက်ပျိုးနည်းစနစ်တို့ကိုအခြေခံ၍ ဒေသတွင်းသီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်ရရှိရေးအတွက် တောင်သူနည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူး(စကု)မြို့နယ်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး
Jul 22,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဖျာပုံမြို့နယ်အတွင်း သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ဆန်ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များ၊ ဆန်ဂိုဒေါင်များတွင် လက်ကျန်ဆန်စာရင်း ကောက်ယူခြင်း၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေး၊ စားသုံးသူများ သင့်တင့်မျှတသော စျေးနှုန်းဖြစ်စေရေး၊ ဆန်တန် (၅၀)အထက်ရှိသော ဆန်ဂိုဒေါင်များအား မှတ်ပုံတင်ကြရန်နှင့် ဆန်လက်လီ/လက်ကား အရောင်းဆိုင်များအား မြို့နယ်စျေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်း သတ်မှတ်ရည်ညွှန်း စျေးနှုန်းအတိုင်း ဆန်ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ကျောင်း(၂၂)ကျောင်း ခေတ္တပိတ်ထားရ
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တိုးမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအုပ်စု(၁၀)အုပ်စု၊ ကျေးရွာခွဲ(၁၈)ရွာမှ ကျောင်းပေါင်း(၂၂) ကျောင်း ယနေ့နံနက်ပိုင်းက ခေတ္တပိတ်ထားရသည်။
ရေဖြူ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းပေါင်းစုံ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 22,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီကအခြေခံပညာ အထက်တန်းကျောင်း၊ ရေဖြူ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလေးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပ
Jul 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၆)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။