တောင်တွင်းကြီး ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့နံနက် ၇ နာရီတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာများကိုကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူလိုပါကလိုအပ်သည့် အထောက်အထားပြည့်စုံစွာ လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်ဝန်ထမ်းများက စာရင်းဖြည့်သွင်းခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး အလှည့်ကျစနစ်ဖြင့် ထုတ်ယူနိုင်ရေးစီစဥ်ဆောင်ရွက်ပေးထားကြောင်းကို မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)