ကျိုက်ထိုမြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျိုက်ထို ဇူလိုင် ၂၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းအောင်နိုင်က သစ်တောသစ်ပင်များအရေးပါပုံ၊ သစ်တောများမှရရှိသောအကျိုးကျေးဇူး၊ သစ်တောများ ပျက်စီးပြုန်းတီးစေသည့်အကြောင်းရင်း၊ သစ်တောဖုံးလွှမ်းမှုအခြေ‌အနေ၊ သစ်ပင်တစ်ပင်ရှင်သန်ဖွံ့ဖြိုးစေရန် ပြုစုပျိုးထောင်စိုက်ပျိုးနည်း၊ သစ်‌တောများနှင့် သဘာဝဘေးအန္တရာယ်၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းတွင် ပြည်သူလူထုပါဝင်လာစေရန် ဌာနအနေဖြင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အ.ထ.က (၁) ကျောင်းဝင်းအတွင်း ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ပျဥ်းကတိုး (၅၀) ပင်၊ သင်္ကန်း (၅၀) ပင်၊ မဟော်ဂနီ (၅၀) ပင်၊ မန်ဂျန်ရှား (၅၀) ပင် စုစုပေါင်း သစ်မျိုး (၄) မျိုး (၂၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)