ရမည်းသင်း ဇူလိုင်၂၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်/မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပသော မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက ရမည်းသင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက “၂၀၂၄ခုနှစ် မိုးရာသီသစ်တော၊ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနှင့် ဆင်အကြောင်းသိကောင်းစရာ ဗဟုသုတအဖြာဖြာကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ခရိုင်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးမျိုးအောင်မှ သစ်တော၊ သစ်ပင်များမှ ပေးစွမ်းသော အကျိုးကျေးဇူးများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးငြိမ်းချမ်း-၄ မှ မြန်မာနိုင်ငံ၏ ရေဝေရေလဲဒေသများထိန်းသိမ်းရေးနှင့် သစ်တောများမှရရှိသည့် အကျိုးကျေးဇူးများကို ပရိုဂျက်တာဖြင့် အသိပညာပေးဟောပြောဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများမှ အသေးစိတ်ပြန်လည်ဖြေကြားကာ အသိပညာပေးလက်ကမ်းစာစောင်(၁၅၀)စောင်ကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မွန်းတည့် ၁၂နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးအသိပညာ Talk Show ကို အများပြည်သူများ သိရှိစေရန် ရိုက်ကူးထုတ်လွင်ခဲ့သည်။ ထို့နောက် ညနေ ၂နာရီ တွင် ခရိုင်နှင်မြို့နယ်သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် သစ်တောဝန်ထမ်းများ၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စုပေါင်း၍ ကျောင်းဝန်းအတွင်း ကျွန်း (၂၀)ပင်၊ ပိတောက် (၈)ပင်၊ စကားဝါ (၆)ပင်၊ သပြေဘူတ (၃၀)ပင်၊ ငုရွှေဝါ (၇)ပင်၊ ကရမက်တစ်ပင်၊ ရေတမာ (၃)ပင်၊ စုစုပေါင်း (၇၅) ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)