ဝါးခယ်မ ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာ အ.ထ.က(ရွှေလောင်း)ကျောင်း မေခခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြောင်းရွေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအား အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ထောက်ပံ့ပေးအပ်ရာတွင် မြောင်းမြခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ဝင်းမော် တို့က အထက်ပေကုန်းကျေးရွာအုပ်စုတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြောင်းရွှေ့ ခဲ့ရသည့် အိမ်ထောင်စု(၂၇)စုနှင့် တြိန်းကျွန်းကျေးရွာအုပ်စုမှ အိမ်ထောင်စု(၈)စုတို့အား အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာပစ္စည်းထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် (၃၈၀၀၃၀၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)