ငါန်းဇွန်မြို့နယ်၌ အငြိမ်စားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

ငါန်းဇွန် ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဇူလိုင်လအတွက် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီအချိန်ကစတင်ကာ အငြိမ်းစားပင်စင်စား နိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်းများက ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်မှ လာရောက်ထုတ်ယူကြရာ ယနေ့ မွန်းလွဲ ၁ နာရီအထိ ပင်စင်လစာထုတ်ယူသူ အငြိမ်းစားဝန်ထမ်း (၃၄၃) ဦး လာရောက်ထုတ်ယူခဲ့ကြောင်း၊ ပင်စင်လစာများကို မြို့ပြပင်စင်စား၊ ကာကွယ်ရေးပင်စင်စား၊ နိုင်ငံရေးပင်စင်စားများ လာရောက်ထုတ်ယူခဲ့ပြီး မြို့နယ်အတွင်းပင်စင်စားဦးရေ စုစုပေါင်း(၆၆၁) ဦးရှိကြောင်းနှင့် လစဉ် (၂၁) ရက်နေ့နှင့် (ရုံးပိတ်ရက်များမှအပ) ရုံးဖွင့်ရက်များ၌ နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီ အချိန်အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နာမကျန်း အငြိမ်းစားပင်စင်စားများကို ပင်စင်လစာထုတ်ယူနိုင်စေရန် ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ပေးလျှက်ရှိပြီး ကိုယ်စားလှယ်ဖြင့် ထုတ်ယူမှု လများလာပါက Video Call ဖြင့် ခေါ်ယူစစ်ဆေး၍ ကိုယ်စားလှယ်ဖြင့် ပင်စင်လစာ ထုတ်ပေးခြင်း၊ အိမ်တိုင် ရာရောက် သွားရောက်စစ်ဆေး၍ သက်ရှိထင်ရှားရှိကြောင်း မှန်ကန်ပါက ပင်စင်လစာထုတ်ပေးခြင်းများ မြန်မာ့စီးပွားရေးဘဏ်မှ အကျိုး ဆောင်ပြုလုပ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)