တပ်ကုန်းမြို့၌ တီဘီရောဂါကင်းဝေးစေရေး (TB mobile) ကွင်းဆင်းဆောင်းရွက်

တပ်ကုန်း ဇူလိုင် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့၊ ရွှေမြို့တိုက်နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍တီဘီရောဂါကင်းဝေးစေရေး (TB mobile) ကွင်းဆင်းဆောင်းရွက်ခြင်းကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက အောင်မြေရိပ်သာ ကျေးရွာအုပ်စု၊ ဒယောက်ကူးကျေးရွာ ဓမ္မာရုံတွင် စစ်ဆေးများနှင့်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ (TB mobile) အဖွဲ့မှ တီဘီရောဂါ ကင်းဝေးစေရေးဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်သူပေါင်း ၁၄၈ ဦး၊ X ray စစ်ဆေးသူပေါင်း ၁၆၅ ဦး၊ တီဘီ ရောဂါသံသယရှိသူပေါင်း(TB Suspect) ၁၂ ဦး၊ သလိပ်ပိုးစစ်ဆေးသူပေါင်း (Gen Xpert) ၁၂ ဦးတို့ ကို စစ်ဆေးများနှင့်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်