ကလေးဝမြို့တွင် စပါးတိုက်ရိုက်စိုက် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်စိုက်ပျိုးခြင်း နည်းပညာ မိတ်ဆက် ကွင်းသရုပ်ပြပွဲပြုလုပ်

ကလေးဝ ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် စပါးတိုက်ရိုက်စိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းနည်းပညာ မိတ်ဆက်ကွင်းသရုပ်ပြပွဲကို အမှတ်(၂) ရပ်ကွက် တောင်သူ ဦးမောင်ဝင်းပိုင် သရဖီကွင်း ဦးပိုင်အမှတ် ၈/၁၆  တွင် ယနေ့နံနက် (၈)နာရီက ပြုလုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် ကလေးဝမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က စပါးတိုက်ရိုက် စိုက်မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့်စိုက်ပျိုးခြင်းနည်းစနစ်များနှင့် အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် စပါးတိုက်ရိုက် စိုက်မျိုးစေ့ချ ကိရိယာ(Drum Seeder)ဖြင့် သရုပ်ပြစိုက်ပျိုးခဲ့ကြကြောင်းနှင့် သရုပ်ပြပွဲကို စိတ်ပါဝင်းစားသူ  ဒေသခံတောင်သူ(၂၀)နှင့် ဝန်ထမ်း(၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)