တောင်ငူမြို့ အထက (၄)၌ UID ကတ် နှင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေး

တောင်ငူ ဇူလိုင်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထက(၄)၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယမန်နေ့က UID ကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ခရိုင်နှင့်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID)ကတ်ပြားမရှိသော ကျောင်းသားကျောင်းသူများ (၁၈၀)ခန့်ကို  နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များဆောင်ရွက်ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးအေးလှိုင်၊ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသက်ခိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)