ညောင်ဦး ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ဇူလိုင် ၈ ရက်၊နံနက် ၉ နာရီခွဲအချိန်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားတွင် ညောင်ဦးမြို့နယ်၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲ ဆုပိုင်ကအဖွင့်အမှာစကားပြောကြားသည်။ပြီးနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်၊ ဦးစိန်တိုး၊လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်တို့က မိတ်ဆက်စကား ပြောကြား သည်။ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်/ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြကြပြီး လွှတ်တော်ကိုယ်စားလှယ်များက တင်ပြ လာသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား မှတ်သားခြင်းနှင့် ဌာနဆိုင်ရာများဖြင့် ပေါင်းစပ် လုပ်ကိုင်နိုင်ရေး လုပ်ငန်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဦးဝင်းထိန်(ညောင်ဦးခရိုင်)