ဘိုကလေးမြို့နယ်ရှိ ကျေးရွာအချို့တွင် မိုးသည်းလေထန်ခြင်း၊ သစ်ပင်ပြိုလဲခြင်းတို့ကြောင့် နေအိမ်များပျက်စီး
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ မားယားကျေးရွာတွင် ယနေ့နံနက်(၉)နာရီကျော်ခန့်က မိုးသည်းလေထန်ခြင်းကြောင့် ဦးဆန်းကိုဦး ပိုင်ဆိုင်သော အလျား(၁၂)ပေ၊ အနံ(၁၅)ပေ၊ အမြင့် (၁၅)ပေရှိ ဓနိမိုး၊ ဝါးထရံကပ်၊ ပျဉ်ခင်းနေအိမ်ဘေးရှိ လုံးပတ်(၈)ပေ၊ အရှည် (၁၆)ပေရှိသော ကုက္ကိုလ်ပင်အမြစ်လန်၍ နေအိမ်ပေါ်လဲကျသည့်အတွက် နေအိမ်ပြိုကျပျက်စီးခြင်းနှင့် ဦးစည်သူ ပိုင်ဆိုင်သည့် အလျား(၂၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၅)ပေရှိ ဓနိမိုး၊ ဝါးထရံကပ်၊ ပျဉ်ခင်းနေအိမ်သည် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။