သတင်းများ

နတ်မောက်မြို့နယ် ကျောင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး       
Jul 25,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမစက်ဝန်း ထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကျောင်းကုန်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမရပူရ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းဆိုင်ရာဟောပြောပွဲ ပြုလုပ်
Jul 25,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မှန်တန်းရပ်ကွက် ရှီတောင်ကြီးမောက်မယ် သနပ်ခါးအလုပ်ရုံ၌ ယမန်နေ့နံနက်၉း၃၀ချိန်က အဆိုပါအလုပ်ရုံတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် အပတ်စဉ် ဆီးချို၊ သွေးတိုးရောဂါရှင်များ ကြည့်ရှုကုသပေးခြင်းနှင့် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Jul 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အပတ်စဉ် ဆီးချို၊ သွေးတိုးလူနာများကို ကြည့်ရှုကုသပေးခြင်း၊ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Jul 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့သည်။
တောင်ငူမြို့ ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ သြဝါဒခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲအခမ်းအနားကျင်းပ
Jul 25,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဂန္တဝင်ကိုးခန်းသိမ်တော်၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့်ဇနီးအားအမှူးထား၍ ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ သြဝါဒခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 25,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ပင်လောင်းလမ်းဆုံမီးပွိုင့်အနီး ရန်ကုန်-မန္တလေးကားလမ်း‌ဟောင်းအနီးတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းစီမံဆောင်ရွက်လျက်ရှိသည့် ရေဆင်းဆည်ရေသောက်စနစ် လက်ယာ(၂) မြောင်းမကြီးနှင့် မပိုက်ကယ်ရိုးမှ စီးဆင်းလျက်ရှိသည့် သစ်တပ်ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောင်းအတွင်း သဲနုန်းတူးဖော်ခြင်း၊ အမှိုက်ဆယ်ခြင်းလုပ်ငန်းများ၊ ရေနုတ်မြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်များ ထပ်မံပိတ်ဆို့မှုမရှိစေရေးနှင့် ရေဝပ်မှုများမရှိစေရေး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနများမှ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဘိုကလေးမြို့နယ် ဌာနဆိုင်ရာများနှင့်ဒေသခံများ တွေ့ဆုံ၍ နယ်လှည့်ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့အပါအဝင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၏စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့် ဒေသခံပြည်သူများအား တွေ့ဆုံပွဲနှင့်အတူ ဘိုကလေးကုတင်(၁၀၀)ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများမှ ဒေသခံပြည်သူများကို နယ်လှည့်ဆေးကုသခြင်းလုပ်ငန်းအား ယမန်နေ့နံနက်(၁၀)နာရီအချိန်မှစတင်ကာ ဘိုကလေးမြို့၊ မလော့ကျေးရွာအုပ်စုရှိ ကံ့ကော်တစ်ထောင်ဘုရား၊ သာသနာ့ဗိမာန်တော်တွင် ကျင်းပဆောင်ရွက်သည်။
ထန်းတပင်မြို့နယ်၌ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းအသိပညာပေးဟောပြော
Jul 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။