သတင်းများ

ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ
Jul 26,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပသည်။
ဇေယျာသီရိမြို့နယ် ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်း ကျင်းပ
Jul 26,2024
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျောက်ချက် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မိုင်းဆတ်မြို့၌ သင့်ပတ်ဝန်းကျင်သာယာလှပဖို့ ပလတ်စတစ်သုံးစွဲမှုလျော့ချစို့ အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Jul 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ သင့်ပတ်ဝန်းကျင်သာယာလှပဖို့ ပလတ်စတစ် သုံးစွဲမှုလျော့ချစို့ အသိပညာပေး ဟောပြောပွဲကို ယနေ့နံက်(၉)နာရီခွဲက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေး ဟင်္သာတမြို့နယ် အတွင်းရှိ ရေကာတာများ ကြံ့ခိုင်မှုအခြေအနေနှင့် မြစ်ရေအခြေအနေများ ကြည့်ရှုစစ်ဆေး
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးတင်အေး ယနေ့နံနက် ၁၀ နာရီ အချိန်က ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရောက်ရှိခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ဘုန်း‌တော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်နေရသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျွန်းလျားရှည်အုပ်စု၊ အိုးဘိုကျေးရွာ တွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ဘုန်း‌တော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်‌နေရသည့် ဒေသခံပြည်သူများအား ယနေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Jul 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နေ့လည်ပိုင်းက အဆိုပါကျောင်း စာသင်ဆောင်၌ ကျင်းပခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား နေအိမ်များသို့ ကူညီပြောင်းရွှေ့ပေး
Jul 25,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် တစ်ပေခွဲကျော်ကျဆင်းသွားသဖြင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ပေးခြင်း ယနေ့နံနက် ၈ နာရီခွဲအချိန်က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ပေါင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Jul 25,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။