တံတား ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ရှမ်းချောင်းကျေးရွာတွင် ရပ်ကွက်၊ကျေးရွာအုပ်စုများ၌ မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းစေရေး၊ ကျောင်းသား၊ကျောင်းသူများ သိသင့်သိထိုက်သည့် ဥပဒေများကို သိရှိနိုင်စေရန် ရည်ရွယ်၍ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရှမ်းချောင်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် တံတားနယ်မြေရဲစခန်းမှ နယ်မြေစခန်းမှူးရဲအုပ်ကျော်စိုးအောင်က ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် မှုခင်းဖြစ်ပွားမှုလျော့နည်းစေရေး၊ ကျောင်းသား၊ ကျောင်းသူများ အွန်လိုင်းလိမ်လည်မှု ဖြစ်စဥ်များ မဖြစ်ပွားစေရေး၊ မိုဘိုင်းဖုန်းများမှတစ်ဆင့် ဖြစ်ပွားလျက်ရှိသည့် လိမ်လည်မှုဖြစ်စဥ်များအား အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ကျောင်းသူများ သိသင့်သိထိုက်သည့် ဥပဒေများနှင့်အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ပါက ချမှတ်ခံရမည့်ပြစ်ဒဏ်များနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ များအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား မှုခင်းကျဆင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး စုစုပေါင်းလူဦးရေ(၁၀၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)