ကော့သောင်း ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ ကော့သောင်းမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ၊ အားကစား နည်းများကို ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြေးခုန်ပစ် အားကစား သမားများက ဇူလိုင် (၇) ရက်နေ့မှ စတင်၍ အားကစားပွဲစဉ် အလိုက် ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့တွင် ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ကြရာ ကျောင်းပေါင်းစုံမှ အားကစားပြိုင်ပွဲဝင်များနှင့် အားကစားဝါသနာရှင်များ တခဲနက်လာရောက် အားပေးခဲ့ကြသည်။ ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြေးခုန်ပစ် အားကစားပြိုင်ပွဲအလိုက် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက လည်ဆွဲဆုနှင့် ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို အ.ထ.က(ပုလုံးတုံတုံး)ကျောင်းမှ လည်းကောင်း၊ အမျိုးသား တံခွန်စိုက်ဆုဖလားကို အ.ထ.က(၂)ကျောင်းတို့မှ ရရှိခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)