ကျိုက်မရောမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ပြောင်းရွှေ့နေရာချထားရေးအတွက် ကြိုတင်ပြင်ဆင်
Jul 30,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မိုးများအဆက်မပြတ်ရွာသွန်းပြီး အတ္တရံမြစ်ရေလျှံတက်မှုကြောင့် မြစ်ကမ်းနားအနီးနေအိမ်များ၊ အနိမ်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များ၊ စာသင်ကျောင်းများအတွင်းသို့ မြစ်ရေများ ဇူလိူင်လ ၂၈ ရက်နေ့က စတင်ဝင်ရောက်လျက်ရှိရာ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အဆိုပါရပ်ကွက်နေပြည်သူများ ပြောင်းရွှေ့နေရာချထားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ယနေ့ နေ့လယ်က အောင်သုခရပ်ကွက်ရှိ Cyclone Shulter အတွင်း ကြိုတင်ပြင်ဆင်မှုများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။