ကျောက်ဆည် ဇူလိုင် ၂၉
ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် စပါးသီးနှံကို အဓိထား စိုက်ပျိုးကြသော်လည်း ယာမြေများနှင့် ကိုင်း၊ ကျွန်းမြေများတွင် ကာလတို၊ ကာလရှည် သီးပင်စားပင်များနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးကြကြောင်း သိရှိရပြီး ကီလိုမာလကာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများအနဖြင့် မိသားစု အပိုဝင်ငွေ ရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နေ့စဉ်မိသားစုပုံမှန်အပိုဝင်ငွေရအောင် တစ်ပင်(၅၀၀)ကျပ်နှင့် ကီလိုမာလကာအပင်(၁၀၀)ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီးတစ်နှစ်အတွင်း ရောင်းတန်းဝင်အသီးများကို စတင်ခူးဆွတ်ရောင်းချလာခဲ့ရာ သုံးနှစ်သက်တမ်းရှိသွားပြီဖြစ်ကြောင်း၊ ရောင်းသည့်အခါ အချဉ်ပေါင်း လုပ်ရောင်းသည့် ဈေးသည်များက ခြံထဲအထိလာပြီး တစ်နေ့တာ ရောင်းရသလောက်ခန့်မှန်ပြီး လာရောက်ဝယ်ယူကြကြောင်း၊ အသီးအကြီးအသေးအပေါ် မူတည်ပြီး တစ်လုံး ငွေကျပ်((၁၀၀)၊ (၁၈၀)ကျပ်ဖြင့် နေ့စဉ် လာဝယ်သည့်အတွက် နေ့စဉ် ဝင်ငွေရသည့်အတွက် စားဝတ်နေရေးအတွက် အထောက်အကူပြုသဖြင့် အဆင်ပြေကြောင်း ကီလိုမာလကာ စိုက်ပျိုးထားသည့် သင်တောင်းကျေးရွာမှ ဒေါ်သီတာအေးက ပြောပြသည်။
မာလကာသီးနှံသည် နှစ်ရှည်သီးနှံဖြစ်ပြီး စိုက်ပျိုးပါက လေဝင်လေထွက်ကောင်းပြီး အပင်များ သန်စေရန်နှင့် ကိုင်းဖြာမှုကောင်းစေရန်၊ အသီးလုံးများ လှစေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၂) ပေ ခြားပြီး၊ တစ်တန်းနှင့်တစ်တန်း (၁၅)ပေခန့်ခြားကာ စိုက်ပျိုးသင့်ကြောင်း၊ အသီးများ သီးလုံးဖောက် ပိုးမဝင်စေရန်နှင့် အရောင်တောက်ပစေရန်အတွက် ခူးဆွတ်ရန် ရက်ပေါင်း (၆၀) အလိုတွင် မာလကာသီးများကို စက္ကူဖြင့်ပတ်ပြီး ပလပ်စတစ်အိပ်များ စွပ်ပေးရကြောင်း၊ မာလကာစိုက်ပျိုးရာတွင် သွင်းအားစုနည်းပြီး အလုပ်သမားရှားပါးမှု အခက်အခဲ မရှိသောကြောင့် အောင်မြင်စွာ စိုက်ပျိုးနိုင်ပါက ဝင်ငွေကောင်းသည့် သီနှံတစ်မျိုးဖြစ်ကြောင်းလည်း သိရသည်။
သက်မောင် (ပြန်/ဆက်)