ကျုံပျော်တွင် ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၁၅ ကျောင်း ယာယီပိတ်ထား

ကျုံပျော် ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ဒါးကချောင်းရေဝင်ရောက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဇူလိုင်လ ယမန်နေ့မှ စတင်၍ စာသင်ကျောင်း ၁၅ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယာယီပိတ်ထားသော ကျောင်းများတွင် အ.ထ.က ၂ ကျောင်း၊ အ.ထ.က(ခွဲ) ၁ ကျောင်း၊ အ.လ.က ၃ ကျောင်း၊ မူလတန်းလွန် ၂ ကျောင်းနှင့် မူလတန်းကျောင်း ၇ ကျောင်းတို့ပါဝင်ပြီး၊ ကျောင်းဝန်းအတွင်းနှင့် ကျောင်းအသွားအပြန် လမ်းများတွင် ရေများဝင်ရောက်ကာ ကျောင်းတက်ရန် အခက်အခဲရှိသောကြောင့် ယာယီ ကျောင်းပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

ဒါးကချောင်း‌ရေ မြင့်တက်လာမှုကြောင့် ပင်လုံရပ်ကွက်မှ သောင်တန်းလမ်းမှ နေအိမ် ၂၁ လုံး၊ အင်းရဲကျွန်းအုပ်စု ကျွန်းအင်းရွာမှ နေအိမ် ၁၆ လုံးနှင့် စာဖြူစုကျေးရွာမှ နေအိမ် ၂၈ လုံးတို့တွင် နေထိုင်သော ပြည်သူများအနေဖြင့် နေအိမ်အတွင်း ရေများဝင်ရောက်လျက်ရှိသောကြောင့် မြတ်ချမ်းသာ ဘုရားဓမ္မာရုံနှင့် ရေဘေးလွတ်ရာ နေရာများတွင် သွားရောက်နေထိုင်ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)