မိုးညို - မင်းလှသွားကားလမ်းမကြီး ရေတိုက်စားမှုမရှိစေရေး ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်

မိုးညို ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ထန်းပင်ကုန်းကျေးရွာနှင့် သရက်ကုန်းကျေးရွာအကြားရှိ မိုးညို - မင်းလှသွား ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၁/၃ နှင့် ၁၁/၄ အကြားရှိ ကားလမ်းရေတိုက်စားမှုမရှိစေရေးအတွက် ရေကာရိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့က ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်သ‌န္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာနေပြည်သူများစုပေါင်း၍ မိုးညို - မင်းလှသွား ကားလမ်းမကြီး ရေလှိုင်းရိုက်ခိုက်မှုကြောင့် တာဘောင်ပဲ့ခြင်းဖြစ်‌ပွားမှုမရှိစေရေးနှင့် ရေတိုက်စားမှုကာကွယ်ရေးအတွက် ဝါး၊ ထရံ၊ သဲအိတ်များအသုံးပြု၍ ရေကာပြုလုပ်ခြင်း၊ ရေလှိုင်းရိုက်ခတ်မှုကာကွယ်ရန် ဗေဒါပင်နင့် ကိုင်းပင်များ တာဘေးကပ်ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)