ကျုံပျော်မြို့တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီမှုများ ဆောင်ရွက်

ကျုံပျော် ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒါးကချောင်းရေမြင့်တက်ပြီး ရေဝင်ရောက်လျက်ရှိသော ရပ်ကွက်နှင့် ကျေးရွာတို့ရှိ ရေဘေးသင့်ပြည်သူများအား ဇူလိုင် ၂၈ ရက် ညနေ ၃ နာရီက တာဝန်ရှိသူများက ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ  ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့များ၊ မြို့နယ်ရေဘေးကူညီရေးအဖွဲ့များသည်  ပင်လုံရပ်ကွက်၊ သောင်တန်းလမ်း ရေဝင်ရောက်နေမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုပြီး ၊ ရေဘေးသင့်ပြည်သူများအား မြတ်ချမ်းသာဘုရား ဓမ္မာရုံတွင် နေရာချထားကာ ကျန်းမာ‌ရေး၊ စားသောက်ရေး ဂရုပြု‌ကြရန်နှင့် အားပေးစကားများ ပြောကြားခဲ့သည်။

ထို့‌နောက် မြတ်ချမ်းသာ ဘုရားတန်ဆောင်းအတွင်း၌ ပင်လုံရပ်ကွက်နှင့် အင်းရဲကျွန်း‌ ကျေးရွာတို့မှ ရေဘေးသင့် အိမ်ထောင်စု (၆၅) စုတို့အတွက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က အိမ်ထောင်စုတစ်စုလျှင်   ဆန်  ၄ ပြည် ၊ ဆီ  ၅၀  ကျပ်သား၊ ကြက်ဥ  ၁၀ လုံး၊ ဆား ၁  ထုပ်၊ ခေါက်ဆွဲခြောက် အသေး ၅ ထုပ်နှင့် ရေသန့်တစ်ကဒ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)