သတင်းများ

သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ငဝန်မြစ်တာတမံ တောင့်တင်းကြံ့ခိုင်ရေး သဲအိတ်ထည့်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊‌ ကျေးရွာနေပြည်သူတို့က ငဝန်မြစ်တာတမံ တောင့်တင်းကြံ့ခိုင်ရေး သဲအိတ်ထည့်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၌ မီးလောင်မှုဖြစ်ပွား
Jul 30,2024
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ် (၂၁) ရပ်ကွက် သိမ်ချောင်းလမ်း ဝါးတရာစက်မှုဇုန်ရှိ ပိုင်ရှင်ဦးလှကို (ဘ) ဦးထွန်ယဉ်ပိုင်ဆိုင်သော မြေအကွက်အမှတ် (၃၇၀) မြေတိုင်း (၄၉) မွမွလေးကြော်စုံစက်ရုံ၌ ယ‌နေ့နံနက် (၀၇:၁၅) အချိန်တွင် စားသုံးဆီကန် (၂) ကန်အား ထင်မီးဖြင့် အပူပေးနေစဉ် မီးတောက်များ၍ ဆီကန်အတွင်းရှိဆီများအား မီးကူစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်​ရေး ​အသိပညာ​ပေးဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်များ ပြသ
Jul 30,2024
ရှမ်းပြည်နယ်(အ​​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် အသိပညာ​ပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်​ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်နှင့် စာအုပ်ပြပွဲများ ပြသခြင်းကို မူလွန်(ကွက်သစ်)၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း)၌ Online Game, Online ငွေကြေးလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jul 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းနှင့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ Online Game , Online ငွေကြေးလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် တောင်ကျရေစီးဆင်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် ပြိုကျပျက်စီးမှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး       
Jul 30,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းလာမှုကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သော မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို မြို့အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များမှ ဇူလိုင်လ ၂၈ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ နန္ဒဝန်အိမ်ရာအတွင်း “မြတ်စေတနာအလင်းရောင်”စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားတက်ရောက်
Jul 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်အိမ်ရာအတွင်းရှိ “မြတ်စေတနာအလင်းရောင်” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါအိမ်ရာအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အိမ်ရာတွင် နေထိုင်ကြသော ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြကြောင်း သိရသည်။
တွံတေးမြို့နယ်၌ ကျပ်သိန်း ၁၅၀ ဖြင့် ဆောက်လုပ်လျက်ရှိသော စာကြည့်တိုက်နှစ်တိုက်အား အပတ်စဥ်ကြည့်ရှုစစ်ဆေးလျက်ရှိ
Jul 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ကံရွာနှင့်ထိန်ကုန်းကျေးရွာများ၌ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်နေမှုကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါစာကြည့်တိုက်ဆောက်သည့် ကျေးရွာများသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး၊ ဆီထွက်သီနှံများနှင့် ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး (မျိုးစေ့နှင့်သွင်းအားစု)များ (အခမဲ့) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jul 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး၊ ဆီထွက် သီးနှံများနှင့် ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစေ့နှင့် သွင်းအားစုများ (အခမဲ့) ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀:၀၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ယာယီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦးနှင့် ခရိုင်စိုက်ညှိ အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်နှင့် မြို့နယ်စိုက်ညှိအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၀န်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။