ဖြူး ဇူလိုင် ၈
တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင် ဖြူးမြို့နယ်တပ်တွင်းအလက(ခွဲ)ကျောင်းရှိ ကျောင်းသားကျောင်းသူများအား ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဇူလိုင် ၇ ရက် မွန်းလွဲ(၁)နာရီခွဲက သွားရောက်ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူးများဖြစ်ကြသည့် ဒေါ်ဇင်မင်းထွန်း၊ ဒေါ်တင်တင်ဝင်းနှင့် ဆရာ/ဆရာမများက ကျောင်းသားကျောင်းသူ(၇၀၅)ဦးခန့်အား ကျန်းမာရေးအသိပညာပေး၍ ချောင်းဆိုးခြင်း၊ ဗိုက်နာခြင်း၊ သဲဝဲစားခြင်းများနှင့် လက်တလောဖြစ်ပေါ်နေသည့် ကျန်းမာရေးအခြေအနေများကိုစစ်ဆေးကာ တိုင်းရင်းဆေးများဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)