မုံရွာမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

 မုံရွာ ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အမှတ် (၁၄) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မုံရွာ)နှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ လူကုန်ကူးမှုအန္တရာယ် အသိပညာပြန့်ပွားရေးရည်ရွယ်လျက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီက မုံရွာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ အမှတ် (၁၄) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မုံရွာ)မှ  ဒုရဲအုပ် နုနုလှိုင်က လူကုန်ကူမှုတားဆီးကာကွယ်ရေးဥပဒေအပါအဝင် လူကုန်ကူးခြင်းခံရတတ်သော အခြေအနေများအကြောင်း၊ တရားမဝင်ရွှေ့ပြောင်းသွားလာခြင်းနှင့် လူကုန်ကူးမှုအန္တရာယ် အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ ရဲအုပ်မြတ်သူက လူကုန်ကူး၊ လူမှောင်ခိုဆိုင်ရာ ဖြစ်ပွားမှုများ၊ အလုပ်အကိုင်ကြော်ငြာအတုများနှင့် ဆက်စပ်သော လူကုန်ကူးမှုအန္တရာယ်များ အကြောင်းကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

 ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ အမှတ်(၁၄) လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြပြီးနောက် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေခဲ့ကြကြောင်း အဆိုပါဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းနှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၂၉၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)