သာပေါင်း ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၆) ကို ယနေ့ဇူလိုင်လ ၇ ရက်နေ့၊နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြူလုပ်ခဲ့သည်။
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကိုကိုဇင်က လွှတ်တော်တွင် ဆောင်ရွက်ရသည့် လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး၊ တာတမံ ကိစ္စ၊ ဖြည့်စွက်ရန်ပုံငွေကိစ္စ၊ ပညာရေးကိစ္စ၊ ကျောင်းမြေလွတ်တွင် ငှက်ပျောပင်စိုက်ရန်ကိစ္စ၊ ဖြည့်စွက်အစားအစာ၊ ကျန်းမာရေးကိစ္စ၊ ဆေးရုံတက်နိုင်ငံ့ဝန်ထမ်း ဆေးဝယ်ယူမှု ကုန်ကျစရိတ်ကိစ္စ၊ အမျိုးသားလွှတ်တော်တွင်( ၁၀၊ ၇၊ ၂၀၂၆ )ရက်နေ့ အားကစားရုံကိစ္စမေးမြန်းထားမှု၊ လုံခြုံရေးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များဆွေးနွေးပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က လုံခြုံရေးအလေးထား ဆောင်ရွက်ရန် ရက် (၁၀၀) စီမံချက်လုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်ရန်၊ အထက်ဌာနအဆင့်ဆင့်၏ ညွှန်ကြားချက်များ အချိန်မီ ပြီးစီးရေးဆောင်ရွက်ရန်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီဝင်များ ဆီဖူလုံရေး(မြေပဲ/နှမ်း/နေကြာ/ပဲပုပ်)စိုက်ဧကတိုးရေး စည်းရုံးဆောင်ရွက်ရန်၊ မှိုစိုက်ပျိုးရေး/ဝါး စိုက်ပျိုးရေး၊ ထုတ်ကုန်တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်ရန်၊မြေယာ အသုံးချမှု (ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ ကျောင်းအပ်နှံရေး ရာနှုန်းပြည့်တက်ရေး စည်းရုံးဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေး၊ ဝမ်းရောဂါမဖြစ်ပွားရေး ပူးပေါင်းဆောင်ရွက်ရန်၊ သစ်ပင်စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်ရန်၊ စာရင်းဇယား အချက်အလက်များ မှန်ကန်ရေး၊ ထူးခြားဖြစ်စဉ်များ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်၊(၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ပူးပေါင်းဆောင်ရွက်ရန်၊ မြို့နယ်အဆင့် ဘောလုံးပွဲဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ၂၂၊၆၊၂၀၂၆ ရက်နေ့၊ဝန်ကြီးချုပ် လမ်းညွှန်မှာကြားချက် (၅) ချက်အား သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ရန်၊ ဝါတွင်းကာလ အာရုံဆွမ်းလောင်းလှူရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အထွေထွေလုပ်ငန်း ကိစ္စရပ်များ ဆွေးနွေးပေါင်းစပ်ညှိ့နှိုင်းဆောင်ရွက်ခဲ့ကြသည်။
သိန်းမြင့်မျိုးဦး