ရှမ်းပြည်နယ်ဝန်ကြီးချုပ် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲ တက်ရောက်ချီးမြှင့်
Aug 05,2024
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက တပ်မတော်ကွန်ပျူနှင့် နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တပ်မတော်ကွန်ပျူနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ တာဝန်ရှိသူများ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။