သတင်းများ

အခမ်းအနားများ ကျင်းပရာတွင် အောင်မြင်စွာ ကျင်းပနိုင်ရေး အခမ်းအနားမှူးသင်တန်းဖွင့်
Aug 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (၃)ထပ် အဆောင်ခန်းမတွင် အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် အောင်မြင်ချောမွေ့စွာ ကျင်းပပြုလုပ်နိုင်ရေး အခမ်းအနားမှူးသင်တန်းကို ယနေ့ နံနက်ပိုင်း (၁၀)နာရီက ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၌ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေရောင်းချပေး
Aug 05,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ဩဂုတ် ၂ ရက်နေ့ ညနေ (၄) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ယူ၍ မြို့ပေါ်(၅)ရပ်ကွက်ရှိ အိမ်ထောင်စုဝင်ပြည်သူများအား စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁) ပိဿာ (၆၆၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 05,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၄ခုနှစ်၊ အာဟာရဖွံ့ဖြိုး​​ရေးရက်သတ္တပတ်များလှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံ
Aug 05,2024
တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ် (၂)ရက် နေ့လယ်ပိုင်းက အ.ထ.က(၁)မြိတ်၊ ပညာ့ဗိမာန်ခန်းမတွင် အခြေခံကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံခဲ့ရာ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်း၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြသည်။
ရတနာပုံတက္ကသိုလ်၌ ပညာ၏တန်ဖိုးအ‌ကြောင်း ဟောပြောပွဲ ကျင်းပ
Aug 05,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ပညာအသိ၊ ပညာတန်ဖိုး၊ စာပေယဉ်ကျေးမှု၊ စာပေချစ်စိတ်တို့ကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်ချက်ဖြင့် စာပေ၊ ပညာ၏တန်ဖိုးအကြောင်း ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ပါမာက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ စီမံဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)မိုးလုံလေလုံ အားကစားရုံ ပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်
Aug 05,2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) မိုးလုံလေလုံအားကစားရုံ(၁၂၀'×၉၀') ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကြခတ်ချောင်ကျေးရွာရှိ အဆိုပါအဆောက်အဦ ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ်(၁)ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Aug 05,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်တင်ရေး  Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားးရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  လိပ်သိုမြို့၊ အမှတ်(၁)ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၌ စက်သုံးဆီဆိုင်များတွင် ဆီလုံလောက်စွာ ရောင်းချပေးနိုင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 05,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီလုံလောက်စွာ ရောင်းချပေးနိုင်ခြင်း ရှိ/မရှိကို ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။