လွိုင်ကော်မြို့၌ ၂၀၂၄ ခုနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 24,2024
ကယားပြည်နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး လုပ်ငန်းခွင်တွင် ပျော်မွေ့သော ဝန်ထမ်းများဖြစ်လာစေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ လုပ်အားစွမ်းပကား တိုးတက်မြင့်မားလာစေရန်၊ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျော့နည်းပြီး ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၄ ခုနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။