သတင်းများ

စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး တာဝန်ရှိသူများမှ ကြာဖက်၊ ငှက်ပျောဖက်များဖြန့်ဝေခြင်းနှင့် အသိပညာပေးဆောင်ရွက်
Aug 05,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချသုံးစွဲလျော့နည်းသက်သာစေရန် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၈)နာ​ရီအချိန်က အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် အုံတုံကျေးရွာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 05,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်က အုံတုံကျေးရွာဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။            
ဇေယျာသီရိမြို့နယ် လေသာကျေးရွာနှင့် ရေဆင်းကျေးရွာဆက်သွယ်ထားသည့် လမ်းမပေါ်၌ သစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့နေမှုအား ပြည်သူများ ဖယ်ရှားရှင်းလင်း
Aug 05,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် လေသာကျေးရွာနှင့် ရေဆင်းကျေးရွာဆက်သွယ်ထားသည့် လမ်းမပေါ်၌ ယမန်နေ့ညပိုင်းက သစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့နေမှုအား ပြည်သူများဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
တနင်္သာရီမြစ်ရေသည် နှစ်(၃၀)အတွင်း ဒုတိယအကြီးဆုံးဖြစ်ပြီး မြစ်ရေပြန်ကျဆင်းနေရာ မြိတ်-တနင်္သာရီ-မောတောင်-ကော့သောင်းကားလမ်းတစ်လျှောက်ဖြတ်သန်းသွားလာ၍ ရနေပြီဖြစ်
Aug 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်သည် ထားဝယ်ခရိုင်-မေတ္တာမြို့အနီး၌ မြစ်ဖျားခံ၍ တနင်္သာရီမြစ် (ဒေသခေါ်ချောင်းကြီးမြစ်)အဖြစ် စီးဆင်းလာခြင်းဖြစ်ပြီး ၎င်းချောင်းကြီးမြစ်အတွင်းသို့ ငဝန်ချောင်းဖျား(ဒေသခေါ်ချောင်းငယ်မြစ်)မှ မြစ်ရေများပေါင်းဆုံ၍ မြိတ်မြို့နယ်အဝင် ပင်လယ်အတွင်းသို့ ဆက်လက်စီးဝင်သည့် မြစ်တစ်မြစ်ဖြစ်ပေသည်။
သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 05,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှု‌လျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များ ဖြန့်ဝေခြင်း ဆောင်ရွက်
Aug 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးတွင် ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၈)နာရီက ဆောင်ရွက်ခဲ့သည်။
ကလောမြို့နယ်၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ
Aug 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံနှင့်လမ်းများ၌ မြစ်ရေပြန်ကျသဖြင့် ကျန်ရှိသည့်ရွှံ့နွံနုန်းများကို စုပေါင်းသန့်ရှင်းရေးပြုလုပ်
Aug 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ဒုတိယရက်သတ္တပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ ရက်နေ့အထိ တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ်ဖြစ်သည့် သာမန်မြစ်ရေအထက်(၂၄)ပေကို (၇ပေ)အထိ ကျော်လွန်၍ (၃၁)ပေအထိ မြစ်ရေကြီးမြင့်ခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအတွင်း တိုင်းထွာ ချက်အရ (၂၂)ပေသို့ ပြန်လည်လျော့ကျလျက်ရှိကြောင်း သိရသည်။