သတင်းများ

ကျောက်ဆည်တက္ကသိုလ်၌ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ပတ်သတ်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ပတ်သတ်၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပခဲ့သည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ဗီတာမင်-A နှင့် သံချဆေးတိုက်ကျွေး
Aug 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ဗီတာမင်-Aနှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်အတွင်း အသက်(၁၀)နှစ်အထက်ရှိ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်နိုင်ရေးနှင့် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အသက်အရွယ်အကျုံးဝင်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးထိုးနှံနိုင်ရေးကြိုတင်ပြင်ဆင်ရေးအတွက် မြို့နယ်ဓာတ်ခွဲခန်းတွင် သွေးအမျိုးအစားခွဲခြား သိရှိနိုင်ရန် စစ်ဆေးပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်ရန်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Aug 05,2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် တပျော်တပါးစုပေါင်းချက်ပြုတ်ကြော်လှော်ခြင်း၊ ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုတ်ပိုးနေမှုများကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနား သုံးခွမြို့နယ်၌ ကျင်းပ
Aug 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၄)ဖွင့်ပွဲ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းပဉ္စမအကြိမ် နှစ်ပတ်လည်အစည်းအဝေးကျင်းပ
Aug 05,2024
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ပဉ္စမအကြိမ်နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်မြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင် ဈေးနှုန်းချိုသာစွာဖြင့် စာအုန်းဆီများ ရောင်းချ
Aug 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ  ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ၊ စားသုံးဆီ အခက်အခဲမရှိစေရေး စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ ဝယ်ယူ၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့က မြို့မ(၁၀)ရပ်ကွက်နှင့် ကျေးရွာ (၉) ရွာများတွင် နေထိုင်လျက်ရှိသော ပြည်သူများအား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်း ဒေသခံပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော်မှ ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးအပ်
Aug 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ဒေသခံပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၄/၂၀၂၄) သင်တန်းဖွင့်ပွဲ ကျင်းပ
Aug 05,2024
ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄/၂၀၂၄)ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် တပ်မတော်အရာရှိများ၊ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများတက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၇၃) ဦးအား သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။