မြန်အောင် ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်က အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး၊ နိုင်ငံ သား စိစစ်ရေးကတ်နှင့်UID ကတ်များဆောင်ရွက်ပေးခြင်းအခမ်းအနားကိုကျောင်းခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝေလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြန်အောင်ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးနှင့် ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်ခဲ့ ကြသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးနိုင်ရေး အချက်အလက်များ ဖြည့် သွင်းနေမှုအား မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့် ဝာာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
နိုင်ငံတော်အစိုးရအသစ်၏ ရက် (၁၀၀) အတွင်း ပြည်သူလူထု၏ လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရန်နှင့်နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍပေါင်းစုံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအသီးသီးတို့မှ စီမံချက်များရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများအား စီမံချက်များဖြင့် အသက် (၁၀) ပြည့်နှင့် ကျေးရွာအုပ်စုများတွင် အသက် (၁၈) နှစ်ပြည့်သူများအား နိုင်ငံရေးစိစစ်ရေးကတ်ပြားများနှင့် UID ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)