ဟုမ္မလင်း​​မြို့နယ် မိုဝိုင်းလွတ်​မြို့၌ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း​ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကျင်းပ

ဟုမ္မလင်း ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့နယ် မိုဝိုင်းလွတ်မြို့၌ တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး​ ဦးငွန်ဘွလ်ထန်၊  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်အဖွဲ့ဝင်များက ဇူလိုင် ၈ ရက် နံနက် ၉ နာရီတွင် မိုဝိုင်းလွတ်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊  ရပ်မိ၊ရပ်ဖများနှင့်တွေ့ဆုံ​ပွဲပြုလုပ်သည်။

 အခမ်းအနားတွင် တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်​ဖေနှင့် ချင်းတိုင်းရင်းသားရေးဝန်ကြီး ဉီးငွန်ဘွလ်ထန်တို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ထပ်ဆင့် ဆွေးနွေးပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်ကြကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မိုးဝိုင်းလွတ်မြို့အုပ်ချုပ်ရေးမှူး ဦးညီရုန်းက လူမှုရေး၊ စီးပွားရေးဒေသဆိုင်ရာ အချက်အလက်များကို ဆွေးနွေးတင်ပြသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့်ဌာနဆိုင်ရာများက လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ  တိုင်းဒသကြီးဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ညှိနှိုင်းပေါင်းစပ်ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်း​နောက် မိုဝိုင်းလွတ်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှု အားပေးသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျောင်း၏ လိုအပ်ချက်များကို တင်ပြ​ဆွေးနွေးရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် မိုဝိုင်းလွတ်မြို့ ပြည်သူ့ဆေးရုံရှိ ဆေးဝါးကုသခံယူနေသော ပြည်သူများကို တိုင်းဒေသကြီးဝန်ကြီးများနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)