ကြံခင်း ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများအား ယမန်နေ့နေ့လယ်ပိုင်းက ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ သာသနာ့ဗိမာန်တော်တွင် ကမ္ဘာ့စားနပ်ရိက္ခာ(WFP)မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် ကမ္ဘာ့စားနပ်ရိက္ခာ(WFP)မှ ဦးကျော်သူလတ် (Sr. Prosramme Asisociater Senior) အဖွဲ့များက အခြေခံစားသောက်ကုန်များကို ကြံခင်းမြို့နယ်အတွင်း ဇူလိုင်လက ရေဘေးသင့်ခဲ့သော ပြည်သူ(၁၆၀၀)ကျော်အား တစ်ဦးလျှင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်(၇)ပြည်(၄)လုံး၊ ဘီစကစ်(၁၅)ထုပ်၊ ကိုယ်ဝန်ဆောင်(သို့) နို့တိုက်မိခင် ဖြည့်စွက်အာဟာရမှုန့်(၂)ထုပ်၊ (၆)လမှ (၅၉)လအရွယ် ကလေးငယ်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့်(၂)ထုပ်စီအား ထောက်ပံ့ပေးကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများက အားပေးကြည့်ရှုကာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများဖြင့် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)