ကျိုင်းတုံ ဩဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီက မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ ကျိုင်းတုံခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာလွတ် ယိမ်းအကပြိုင်ပွဲ၊ အခြေခံပညာအဆင့် အမျိုးသမီးအက ပြိုင်ပွဲ၊ အခြေခံပညာအဆင့် အမျိုးသမီး တစ်ဦးချင်း စန္ဒရားအတီးပြိုင်ပွဲနှင့် တယောအတီးပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ကျိုင်းတုံခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးလင်းသန့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)