သာပေါင်း ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၂၀၂၄) ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အမြင့်ဆုံးရရှိသည့် ကျောင်းများအား ဩဂုတ်လ (၂၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)ရှိ သော်ကဆောင်ခန်းမ၌ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)မှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်က ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ရခြင်းနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားကာ (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော (၆)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊(၂)ဘာသာ ဂုဏ်ထူးရှင် (၁၈)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၆၀)ဦးတို့နှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အမြင့်ဆုံးရရှိသည့် ကျောင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နုနုလှိုင်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ဌာနဆိုင်ရာတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အောင်ချက်အကောင်းဆုံးကျောင်းများကိုယ်စား အခြေခံပညာအထက်တန်းကျောင်း (စက်ဒေါင့်ကြီး) ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ထူးချွန်ကျောင်းသားများ ကိုယ်စား ရွှေရောင်မော်ကွန်း (ကိုယ်ပိုင်အထက်တန်းကျောင်း)မှ (၆)ဘာသာဂုဏ်ထူးရှင် မောင်မင်းတေဇာမိုးတို့က ကျေးဇူးတင်ဝမ်းမြောက်စကားများ ပြောကြားခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)မှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)