သံတောင်ကြီး ဩဂုတ် ၁၆
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်တိုပင်ဖြစ်သော ဌက်ပျောပင်များကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဌက်ပျောပင်များသည် ရာသီမရွေး အသီးသီးသောသီးနှံဖြစ်ပြီး ယခုအချိန်တွင် သံတောင်ကြီးဒေသထွက်ဌက်ပျောသီးများ အထွက်နှုန်းအနည်းငယ်ကျဆင်းသော်လည်း ဈေးကောင်းရရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် အဓိကစိုက်ပျိုးသော ဌက်ပျောသီးအမျိုးအစားများမှာ သီးမွှေးဌက်ပျောပင်၊ ရွှေနီဌက်ပျောပင်၊ ရွှေဝါငှက်ပျောပင်များဖြစ်ပြီး အဆိုပါဌက်ပျောပင်များ စိုက်ပျိုးပြီး(၈)လခန့်တွင် ငှက်ပျောအဖူးများ စတင်ထွက်ပြီး(၁၀)လခန့်တွင် ဌက်ပျောခိုင်အရင့်များ ဆွတ်ခူးကာ သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူမြို့ရှိ ငှက်ပျောသီးအဝယ်တိုင်များထံတွင် တင်ပို့ရောင်းချကြသည်။ ယခင်နှစ်များတွင် ဌက်ပျောသီးတစ်ဖီးကျပ်(၁၂၀၀) မှ(၁၅၀၀)အထိသာ ရရှိသော်လည်း ယခုနှစ်တွင် ဌက်ပျောသီးတစ်ဖီးလျှင် အရွယ်အစားအလိုက် ကျပ်(၂၅၀၀)မှ ကျပ်(၃၅၀၀)အထိရရှိကြောင်း ဌက်ပျောသီးစိုက်ပျိုးလုပ်ကိုင်သူ တောင်သူဦးသာဝါးထံက သိရသည်။
နော်နော်မူ