တံတား ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာအုပ်စာပေများအားလေ့လာဖတ်ရှုလာစေရန်၊ စာကြည့်တိုက်အားအသုံးပြုတက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ စာအုပ်ပြပွဲတွင် အတ္ထုပ္ပတ္တိစာအုပ်များ၊ နိုင်ငံရေးစာပေများ၊ မြန်မာ့သမိုင်းကြောင်းများ၊ အတွေးအခေါ် ဒဿနိကစာအုပ်များ၊ ဆေးပညာစာအုပ်များ၊ စိုက်ပျိုးမွေးမြူရေး နည်းပညာ စာအုပ်များ၊ အနုပညာရပ်များ၊ ဘာသာရေးစာအုပ်များ၊ ဘာသာစကားများ၊ အဘိဓာန်စာအုပ်များ၊ စာပေဗိမာန်စာမူဆုရစာအုပ်များ၊ ဘာသာပြန်ဝတ္ထုများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ ကာတွန်းရုပ်ပြများ၊ ကလေးစာပေများစသည့် စိတ်ဝင်စားဖွယ်အထွေထွေဗဟုသုတစာအုပ်များစွာကို ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများစိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှု၍ ငှားရမ်းခဲ့ကြသည်။ ထိုကဲ့သို့ လစဥ်စာအုပ်ပြပွဲကို ခင်းကျင်းပြသရခြင်းမှာ ကျောင်းသား/ကျောင်းသူများအား “ဗလငါးတန်ဖွံ့ဖြိုးဖို့စာအုပ်စာပေလေ့လာစို့” ဆောင်ပုဒ်နှင့်အညီ အသိပညာဗဟုသုတများ ဖွံ့ဖြိုးမြင့်မားလာစေရန်
စာဖတ်ဝါသနာကိုပျိုးထောင်ပေးရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိခံစားနိုင်စေရန် အသစ်ရောက်ရှိသောစာအုပ်များဖြင့် မိတ်ဆက်ပေးရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)