ကျိုင်းတုံမြို့၌ ဖမ်းဆီးနည်း (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဆင်း

ကျိုင်းတုံ ဩဂုတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ) မှ ကြီးမှူးဖွင့်လှစ်သည့် ဖမ်းဆီးနည်း (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် အမှတ် (၇) မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သန်းအောင်က အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့် နည်းပြဆရာများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

သင်တန်းသို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ  ရဲတပ်ဖွဲ့ဝင် ၂၀ ဦး တက်ရောက်ပြီး ပြေး (၄) ပြေး ဖမ်းဆီးခြင်း၊ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးခြင်း၊ ပိတ်ဆို့ရှာဖွေခြင်းစသည့် ဖမ်းဆီးခြင်းသင်ခန်းစာများကို ဩဂုတ် ၅ ရက်မှ ၁၆ ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)