သတင်းများ

သနပ်ပင်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဘက်စုံသုံးဆပ်ပြာ ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ
Aug 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ရုံး(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက ဘက်စုံသုံးဆပ်ပြာ ပြုလုပ်နည်းသင်တန်းကျင်းပပြုလုပ်သည်။
သထုံမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း၏ အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Aug 16,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအရ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ‌သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာရှိ သာယာကုန်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကျင်းပ
Aug 16,2024
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့ ၊ အ​ခြေခံပညာအထက်တန်းကျောင်း ၊ အ.ထ.က( ငွေဆောင်) ၌ ယနေ့နံနက်ပိုင်းက သံဃာတော်အရှင်သူမြတ်( ၅) ပါးအား ပင့်ဖိတ်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သန်လျင်ခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 16,2024
သန်လျင်ခရိုင်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အခမ်းအနားကျင်းပ
Aug 16,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လမ်းမတော်မြို့နယ် အ.လ.က(၁)ကျောင်းတွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Aug 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အ.လ.က(၁)တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း မြမာလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေး‌ကော်မတီ အစည်းအဝေးကျင်းပ
Aug 16,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေး လုပ်ငန်းဆောင်ရွက်နိုင်ရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့(Community Centre)ခန်းမ၌ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ
Aug 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ကျောင်းသား၊ ကျောင်းသူများပြင်ပဗဟုသုတ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် မိုးရာသီကာလဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ် ကြိုတင်သိရှိကာကွယ်နိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ နှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။