မင်းလှမြို့ မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒီဇင်ဘာ(၁၃)ရက်နေ့ နေ့လယ်(၂)နာရီခွဲက မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောက်ရပ်အခြေခံပညာအလယ်တန်းမှ ကျောင်းအုပ်ဆရာမကြီး  ဒေါ်ဇာခြည်ထွန်းက စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်‌တတ်‌စေရေး အသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းအရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့်ရရှိသောအကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးများ ဉာဏ်စွမ်းရည်ဖွံ့ဖြိုးစေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအအန္တရာယ် အသိပညာပေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)