ပြည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနား" ကျင်းပ
Aug 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် "ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနား" ကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်မြို့ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်းခွဲပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။