ရွှေသောင်ယံ ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်ကအဆိုပါအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဆရာတော်(၇)ပါးအား ပင့်ဖိတ်ပြီး ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ အနုမောဒနာ တရားတော်များနားယူခြင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း၊ ကုသိုလ်ကောင်းမှုအစုစုတို့ကို အမျှပေးဝေခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းရာသို့ မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ လာရောက်ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)