မိုင်းပျဉ်း သြဂုတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် မိုင်းးမန်းကျေးရွာအုပ်စု၊ အေးစံရွာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီက မိုင်းမန်း- အ.ထ.က ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အခြေခံပညာအထက်တန်းအဆင့်ရှိ ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြောင်းသိရှိပြီး ဗဟုသုတရရှိကြစေရန်ရည်ရွယ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပကြရာ ရှေးဦးစွာ မိုင်းမန်း- အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်မြက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးနေလင်းထွန်းက ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာဥပဒေများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်အယ်လ်ခွန်းမိုင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဉပဒေဆိုင်ရာ အခြေခံအသိအမြင်များအကြောင်း၊ လွှတ်တော်(၃)ရပ်အကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်နှင့် မဲဆန္ဒနယ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းဆိုင်ရာ သိသင့်သိထိုက်သော အထွေထွေဗဟုသုများအကြောင်းတို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြောင်း အသိပညာပေးဟောပြောပွဲသို့ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)