မင်းဘူး(စကု)မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မင်းဘူး  ဩဂုတ်  ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ခလရ (၈၈) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ထိုသို့ အသိပညာပေးဟောပြောရာတွင် ခလရ (၈၈) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးစိုးမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပေးရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေမည့် စားအုပ်စာပေများကို ဖတ်ရှုလေ့လာကြရန် လိုအပ်ကြောင်းပြောကြားပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းက အားကစားနည်းပညာများ၏ အကျိုးသက်ရောက်ပုံနှင့် အားကစားနည်းများကို ထွန်းပေါက်အောင်ကစားခြင်းဖြင့် မိမိနိုင်ငံတော်နှင့် လူမျိုးကို ပြန်လည်အကျိုးပြုစေသည့် အချက်များကို ပြောကြားကာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က ကုန်အညွှန်းအမှတ်အသား၊ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်နိုင်ရေး စသော အချက်များကို အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးစိုးမြင့်က လက်ခံရယူ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

၅၀၄