တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ရတနာထွန်းခန်းမ)တွင် ကျောင်းကျန်းမာရေးအကြောင်း ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေး

တံတားဦး ဩဂုတ် ၁၆

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ အခြေခံပညာဦးစီးဌာနှင့်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန  လက်ထောက်ဆရာဝန် ဒေါက်တာသက်ထွန်းအောင်က မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရန် နည်းလမ်းများများ၊ သွားနှင့်ခံတွင်းရောဂါအကြောင်းအရာများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြေင်းများ ကိုအကျယ်တဝင့် ရှင်းလင်းပြောကြားသည် ။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးနှင့် သန်ဓာတ်အားတိုးဆေးတိုက်ကျွေးခြင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်ပေးခြင်း၊ ကိုယ်အလေးချိန်ချိန်တွယ်ခြင်းများ ဆောင်ရွက်အေးခဲ့ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)