ရွှေပြည်သာမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောသရုပ်ပြပွဲကျင်းပ

ရွှေပြည်သာ ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး‌ဟောပြောသရုပ်ပြပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း‌ပညာရတနာခန်းမ၌ ကျင်းပသည်။

အဆိုပါ ဟောပြောသရုပ်ပြပွဲတွင်‌ ရွှေပြည်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားတာဝန်ခံ ဦးကျော်သက်မောင်မှ အားကစားနှင့်လူငယ်ရေးရာဆိုင်ရာများ၊ အားကစားသိပ္ပံအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ အသိပညာပေးဟောပြောပွဲတွင် တိုက်ကွမ်ဒိုအဖွဲ့များက သရုပ်ပြသကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု‌ငွေများ အသီးသီးပေအပ်ချီးမြှင့်ခဲ့ပြီး အားကစားပစ္စည်းများကို‌ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်း‌ဌေးထံပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း‌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)