မိုင်းကိုင်မြို့နယ်၌ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေအကြောင်း ဟောပြောပွဲကျင်းပ
Jan 15,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြိုနယ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က နိုင်ငံတော်မှပြဋ္ဌာန်းခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဆိုက်ဘာလုံခြုံရေးဆိုင်ရာဥပဒေအကြောင်း ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။