ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်မီးသတ်ဦးစီးဌာန၏ ယာဉ်မောင်း(မွမ်းမံ)သင်တန်း အမှတ်စဉ်(၅/၂၀၂၄) ဆင်းပွဲအခမ်းအနားပြုလုပ်

ကော့သောင်း ဩဂုတ် ၁၆

ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးကျင်းပသောယာဉ်မောင်း(မွမ်းမံ)သင်တန်း အမှတ်စဉ် (၅/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကော့သောင်းခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်းမှ မီးသတ်တပ်ဖွဲ့မှာရှိသော မီးသတ်ယာဉ်များ ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်‌ရေးအတွက် မီးသတ်ယာဉ်၊ စက်အမျိုးအစား၊ သုံးစွဲသည့်လောင်စာဆီအမျိုးအစားအလိုက် စက်စွမ်းအားနှင့်ဝန်ချိန်အနေ အထားပေါ်မူတည်ပြီး လမ်းအမျိုးအစားများအလိုက်သေချာစွာ စဉ်းစားချင့်ချိန်၍မောင်းနှင်ရန်လိုအပ်ကြောင်း၊ သင်တန်းကပို့ချပေးလိုက်သော ပညာရပ်များကို ပိုမိုကျွမ်းကျင်မှုရှိအောင် ဆက်လက်လေ့ကျင့်သွားကြရန်နှင့် ပြည်သူလူထုက ယုံကြည်အားကိုးရသော မီးသတ်တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 အဆိုပါ ယာဉ်မောင်း (မွမ်းမံ)သင်တန်းအမှတ်စဉ် (၅/၂၀၂၄)ကို ‌ဩဂုတ်လ ၅ ရက်နေ့မှ  ဩဂုတ်လ ၁၆ ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး ကော့သောင်းမြို့နှင့် ဘုတ်ပြင်းမြို့တို့မှ မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား(၁၀)ဦး တက်‌ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)