မင်းတုန်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်းတုန်း ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၌ ယနေ့နံနက် ၉ နာရီက လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ဝေသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဖြန့်ဝေခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ကလေးသူငယ်အခွင့်ရေးများဆိုင်ရာဥပဒေ(၂၀၀၉)ပုဒ်မများ၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သန့်ချက်များနှင့် ကလေး၊ လူငယ်၊ လူရွယ်၏ အဓိပ္ပာယ်ဖော်ပြချက်များ ပါဝင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)