ဟိုပုံး ဇန်နဝါရီ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်မြသင်းဆွေနှင့် တာဝန်ရှိသူများသည် ၂၀၂၄- ၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း(၁၃၄.၈၂၄)ဖြင့် ဆောင်ရွက်သည့် ပင်လောင်းမြို့နယ် ဆောင်းပေါင်-ထီရွေး-ထီရယ်-ပေါ့ယား-ကျောင်းနား-ကျောက်ဆောင်-လယ်ကြား-မွေတော်-လုံးပိုးလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ခြင်း အရှည်(၃)ဖာလုံ၊ အကျယ်(၁၂)ပေ၊ ထု(၁)ပေ(၃)လက်မရှိ ကတ္တရာလမ်းခင်းခြင်းကိုလည်းကောင်း၊ ၂၀၂၄- ၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း (၉၂.၉၂၉)ဖြင့်ဆောင်ရွက်သည့် ပင်လောင်းမြို့နယ် ထီရွေး-မြင်းသောင်းလမ်း အရှည်(၃)ဖာလုံ၊ အကျယ်(၁၆)ပေ၊ ထု(၉)လက်မရှိ ကျောက်ချောခင်းခြင်းလုပ်ငန်းများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပင်လောင်းမြို့နယ်မှ လုပ်ငန်းခွင်တာဝန်ခံ အင်ဂျင်နီယာအားလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်ထားသောလမ်းဒီဇိုင်းများ၏ စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်ဝစေရေးတို့အတွက် အလေးအနက်ထားဆောင်ရွက်ရန် မှာကြားခဲ့ကြပြီး အဆိုပါ ကတ္တရာလမ်းခင်းခြင်းနှင့် ကျောက်ခင်းခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)